Myanmar's AI Marketing Expert
ကျွန်တော် အောင်ပိုင်(Collin) ပါ။
RMIT University (Melbourne) မှာ IT ဘွဲ့ယူခဲ့ပြီး Melbourne နဲ့ Singapore မှာ International experience ယူခဲ့ပါတယ်။ မြန်မာပြည်ပြန်ရောက်တော့ ၂၀၁၇ ခုနှစ်မှာ မြန်အံ့ - MyanAnts ကို တည်ထောင်ခဲ့ပြီး ဒီနေ့ထိ Customer ပေါင်း ၁၀၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးထားပါတယ်။
ဒါပေမယ့် ကျွန်တော် တကယ်ပိုပြီး passion ရှိတာက — Myanmar Business Owner တွေကို AI နဲ့ Marketing ပေါင်းစပ်ပြီး လုပ်ငန်းတကယ်ကြီးထွားအောင် ကူညီတဲ့အလုပ်ပါ။
ဒါကြောင့် Collin Consulting ကို တည်ထောင်ခဲ့တာပါ။

ဘာကြောင့် Collin Consulting လဲ
ကျွန်တော် ယုံကြည်တာ ရှင်းပါတယ်—
ကျွန်တော် Theory ပဲသင်တဲ့ Trainer မဟုတ်ပါဘူး။ Business ၃ ခု၊ Branch ၆ ခုကို ကိုယ်တိုင်တည်ဆောက်ခဲ့သူပါ။ ကိုယ်တိုင် လုပ်ပြီးမှ သင်ပေးတဲ့ 70% Practical / 30% Theory approach ကိုသုံးပါတယ်။
ဒီနေ့အထိ Batch ပေါင်း ၂၆ ခုမှာ ကျောင်းသား ၉၀၀ ကျော်ကို AI Marketing Masterclass တွေ ပို့ချပြီးပါပြီ။ ကျွန်တော့်ကို Mandalay တို့ Yangon တို့မှာ 5-Star Hotel Networking Dinner တွေနဲ့အတူ လက်တွေ့ကျကျ သင်ပေးနေတာ တွေ့ရပါလိမ့်မယ်။
READ · THINK · BUILD
ကျွန်တော့်ရဲ့ Mission ရိုးရှင်းပါတယ်—
Myanmar လုပ်ငန်းရှင်တွေကို AI နဲ့ System တွေသုံးပြီး လုပ်ငန်းတကယ်ကြီးထွားအောင် ကူညီပေးဖို့ပါ။
AI ဟာ လူတွေကို အစားထိုးဖို့မဟုတ်ပါဘူး။ လူတွေကို အရှိန်မြှင့်ပေးဖို့ပါ။
ကျွန်တော်နဲ့ တစ်ခါလုပ်ကြည့်ပါ။ ကိုယ့်လုပ်ငန်းအတွက် AI ဘယ်လိုသုံးရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။