ကိုယ်ရေးကိုယ်တာ မူဝါဒPrivacy Policy

Collin Consulting မှ သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အလေးထား စောင့်ရှောက်ပါသည်။ ကျွန်ုပ်တို့၏ AI Marketing ဝန်ဆောင်မှုများနှင့် သင်တန်းများကို အသုံးပြုရာတွင် သင့်အချက်အလက်များကို မည်သို့ကောက်ယူ၊ အသုံးပြု၊ နှင့် ကာကွယ်ထားသည်ကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြအပ်ပါသည်။

၁။ အချက်အလက် ကောက်ယူခြင်း:

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုပေးရန် လိုအပ်သော အခြေခံအချက်အလက်များကိုသာ ကောက်ယူပါသည်။ ထိုအချက်အလက်များတွင် သင့်အမည်၊ Viber ဖုန်းနံပါတ်၊ Telegram ID နှင့် စိတ်ဝင်စားသော Product အချက်အလက်များ သာ ပါဝင်ပါသည်။

၂။ အချက်အလက် အသုံးပြုခြင်း:

ကောက်ယူရရှိသော အချက်အလက်များကို သင့်အား ဆက်သွယ်ရန်၊ သင်တန်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ ပေးပို့ရန်၊ နှင့် Customer Support ပေးရန်အတွက်သာ အသုံးပြုပါသည်။

၃။ ပြင်ပသို့ မျှဝေခြင်း:

သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သည့် ပြင်ပအဖွဲ့အစည်း၊ လုပ်ငန်းများကိုမျှ ရောင်းချခြင်း၊ မျှဝေခြင်း လုံးဝ (လုံးဝ) ပြုလုပ်မည် မဟုတ်ပါ။

၄။ လုံခြုံရေး:

သင့်အချက်အလက်များကို လုံခြုံသော စနစ်များဖြင့် သိမ်းဆည်းထားပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှလွဲ၍ မည်သူမျှ ဝင်ရောက်ကြည့်ရှုခွင့် မရှိစေရန် တင်းကျပ်စွာ ကာကွယ်ထားပါသည်။